မော်လမြိုင် ဇူလိုင် ၂၄

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က “ပင်စင်လစာထုတ်ရက်များတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် လစဉ် ကျန်းမာရေး စစ်ဆေးပေးမည့် အစီအစဉ်များနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ပိုမိုထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများက အငြိမ်းစား နိုင်ငံဝန်ထမ်းများအား ကျန်းမာရေး စမ်းသပ်စစ်ဆေး၊ ကုသပေးနေမှုအပေါ် လှည့်လည်ကြည့်ရှု အားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့ရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ၃၀၀ အတွက် အခြေခံစားသောက်ကုန် ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)