မြဝတီ ၁၃ မတ်
ကရင်ပြည်နယ်၊ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီး၌ မြဝတီမြို့နယ်ရှိ မျက်စိရောဂါဝေဒနာရှင်များအား မတ် ၁၃ ရက် မှ ၁၅ ရက်နေ့အထိ အခမဲ့စစ်ဆေးကုသပေးခြင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသော အငြိမ်းစားပါမောက္ခကြီးများနှင့် အထူးကု ဆရာဝန်များနှင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးလျှက်ရှိသည်။

အဆိုပါ လာရောက်ပြသသော မျက်စိဝေဒနာရှင်များအား စနစ်တကျ စစ်ဆေးကုသပေးပြီး လိုအပ်သော ဆေးဝါးများနှင့် မျက်မှန်များကိုလည်း အခမဲ့ပေးခဲ့ကြသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)