မြစ်ကြီးနား ၂၁ ဧပြီ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံဝန်ထမ်း အငြိမ်းစားပင်စင်လစာများကို ဧပြီ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
“ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွန်မူဖြင့် ကျွန်တော်တို့ မြစ်ကြီးနားမြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း (၁၇၅၀၀) ကျော်ရှိပြီး ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၇ နာရီကနေ စတင် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာက ကျယ်ဝန်းပြီး အဆင်ပြေအောင်လည်း နေရာထိုင်ခင်းကအစ စီစဉ် ဆောင်ရွက်ပေးထား ပါတယ်” ဟု ဦးစိုးခိုင် (ဒုတိယအထွေထွေမန်နေဂျာ)က ပြောသည်၊၊
“စီးပွားရေးဘဏ်နဲ့ ဒီနေရာကတော့ မတူပါဘူး။ ဒီမှာက ပိုပြီးအစဉ်ပြေပါတယ်”ဟု မြစ်ကြီးနားမြို့ ပမ္မတီးအုပ်စု၊ ရေကြည်ရပ်ကွက်နေ ဦးထိန်းလင်းက ပြောသည်၊၊
ပင်စင်လစာထုတ်ပေးမည့် မြို့တော်ခန်းမအတွင်းရှိ သတ်မှတ်နေရာများတွင် နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်း၊ လက်ဆေးဘေစင်များထားပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် အခြားလိုအပ်သည်များကို ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)