ကန့်ဘလူ   ၃၀    စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာအုပ်စု အင်ကြင်းစု-လိတ္ထူ-ကိုင်းတော ကျေးရွာချင်းဆက် မြေသားလမ်း အရှည် ၁ မိုင် ၇ ဖာလုံ ၊အကျယ် ပေ ၅၀ ရှိ ကိုယ်ထူကိုယ်ထ မြေသားလမ်း ဖောက်လုပ်လျက်ရှိကြောင်း အင်ကြင်းစုကျေးရွာလမ်းကော်မတီများထံမှ သိရသည်။

 

အဆိုပါလမ်းကို ယခုဆောင်ရွက်ခြင်းမှာ ဒုတိယအကြိမ်  ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၃ ခုနှစ်က ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အင်ကြင်းစု-လိတ္ထူ-ကိုင်းတော ကျေးရွာချင်းဆက်လမ်းကို  အင်ကြင်းစုကျေးရွာပြည်သူများ ထည့်ဝင် လှူဒါန်းငွေ ကျပ်သိန်း ၅၀ ၊ အခြားစေတနာရှင် အလှူရှင်များ  စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၃၀ တို့ဖြင့် ဖောက်လုပ်ခြင်းဖြစ်ကာ ယခုလ ၁၃ ရက်ကစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ  ၁ မိုင်  ၂ ဖာလုံခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယင်းလမ်းကို ကွန်ကရစ်လမ်းခင်းနိုင်ရန် ရည်မှန်းထားကြောင်း အင်ကြင်းစု ကျေးရွာ လမ်းကော်မတီအတွင်းရေးမှူး ဦးဝင်းညွန့်က ပြောသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)