အင်ကြင်းမြိုင်ဖားအောက်တောရကျောင်း၌ အင်ဒိုနီးရှားနိုင်ငံ ဝိဟာရဓမ္မဒါယဒအဖွဲ့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

စလင်း  ၁၉   အောက်တိုဘာ


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကံပြားကျေးရွာအုပ်စု၊ အင်ကြင်းမြိုင် ဖားအောက်တောရကျောင်းရှိ ဆွမ်းစားကျောင်းဆောင်အောက်ထပ်တွင် အောက်တိုဘာလ ၁၉ ရက် နေ့နံနက် ၅ နာရီက  အာရုံဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


ပထမဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဆင်ဖြူကျွန်း သက်တော်ရှည်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များချီးမြှင့်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ဝိဟာရဓမ္မဒါယာဒအဖွဲ့ ကထိန်အလှူရှင်များမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကထိန်ညှပ်သင်္ကန်း၊ အရန်သင်္ကန်းနှင့် အခြားလှူဖွယ်ပစ္စည်းများကို ပင့်သံဃာ ၅၆ ပါးတို့အား ဆပ်ကပ်လှူဒါန်းရာ အင်ကြင်းမြိုင်ဖားအောက်တောရ၏ ပဓာန နာယကဆရာတော် ဦးကောဝိဒမှ သာဓုအနုမောဓနာ တရားနှင့် ရေစက်ချတရားတော်များ ဟောကြားခဲ့ပြီး အခမ်းအနားကို ၁၀ နာရီအချိန်က ရုပ်သိမ်းခဲ့ကြောင်း  မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN