ညောင်ရွှေ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များက အကြံပြုဆွေးနွေးတင်ပြခဲ့သည်။
အင်းလေးဒေသ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အင်းသားရိုးရာလှေပြိုင်ပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ ပထမပတ်တွင် တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်


