ညောင်ရွှေ ဧပြီ ၃

 

ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို တမူထူးခြားစွာ ဆင်ယင်ကျင်းပရန်၊ မိဘပြည်သူများ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်စေရန်အတွက် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ၁၃၈၄ ခုနှစ် ရေပေါ်သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရေပေါ်သင်္ကြန်ပွဲတော်အား ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ နန်းပန်မြို့အနီး ရေပြင်ပေါ်ရှိ ခေတ်ဆန်းယဉ်ရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အဆိုတော်များ၊ အနုပညာရှင်များ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ အကအလှများ၊ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ တင်ဆက်ဖျော်ဖြေမှုများ စေတနာရှင်အလှူရှင်များ၏ စတုဒိသာအလှူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အလွတ်တန်းအဆင့် အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ဖိတ်ခေါ်ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကြီးကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ