ညောင်ရွှေ ဒီဇင်ဘာ ၂၉
ဒေသတွင်း ငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာ ဖူလုံမှုရှိစေရန်နှင့် ဒေသမျိုးရင်းငါးမျိုး စိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းလေးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ နန်းသဲကျေးရွာ၊ နန်းကပ်ချောင်းနံဘေးရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးကျော်သီဟထွေး၊ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အင်းလေးကန်အတွင်းသို့ ရေစီးဝင်သည့် နန်းကပ်ချောင်း အတွင်းသို့ ငါးဖိန်း ငါးသားပေါက် ကောင်ရေ ၁၀၀၀၀၀ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ