mdn

စစ်ကိုင်း ၁ နိုဝင်ဘာ

 

စစ်ကိုင်းဓာတ်ပုံအသင်း၏ လပတ်ပြိုင်ပွဲ အမှတ်စဉ်( ၄-၅ ) ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စစ်ကိုင်းခရိုင် ပြန်/ဆက်ခန်းမ၌ အကဲဖြတ်ဒိုင်လူကြီးများက ပြိုင်ပွဲဝင် ဓာတ်ပုံများကို အမှတ်ပေး အကဲဖြတ် ရွေးချယ်ရာ အမှတ်စဉ်( ၄ ) ပြိုင်ပွဲတွင် ပထမ လှိုင်မျိုး(စစ်ကိုင်း)၊ ဒုတိယ နေမျိုးအောင်(ကောင်းလမ်းပွင့်)၊ တတိယ ကိုဖြိုး(Jicon)၊ နှစ်သိမ့်( ၁ ) အောင်ငြိမ်းဦး(မတ္တရာ)၊ နှစ်သိမ့်( ၂ ) ဖိုးလပြည့်(စစ်ကိုင်း)၊ နှစ်သိမ့်( ၃ ) ထွန်းမင်းဦး ( ရွှေစင် ) တို့ရရှိသည်။

     

အမှတ်စဉ် ( ၅ ) ပြိုင်ပွဲတွင် ပထမ ဖိုးလပြည့်( စစ်ကိုင်း )၊ ဒုတိယ နေမျိုးအောင်(ကောင်းလမ်းပွင့်)၊ တတိယ ကိုဖြိုး ( Jicon)၊နှစ်သိမ့်( ၁ ) ဖြိုးသူထွန်း( ရွှေစင် )၊ နှစ်သိမ့်( ၂ ) ဖြိူသူထွန်း( ရွှေစင် )၊ နှစ်သိမ့်( ၃ ) အောင်ငြိမ်းဦး( ပန်းနုရောင် ) တို့ကရရှိသည်။

 

အဆိုပါ ဆုများကို ရွေးချယ်ရာ၌ ဦးကျော်ဝင်း( လှဂုဏ်ရည် )၊ ဦးမောင်မောင်လတ်( ချစ်ညို )၊ မောင်မောင်လှတင့်( မန်းတက္ကသိုလ် )၊ ဦးတင်မြ( နေနွယ် )နှင့် ဦးသန်းထွန်းဝင်း( တင်ထွန်းဓာတ်ပုံ )တို့က အမှတ်ပေး အကဲဖြတ် ရွေးချယ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

အောင်စံမောင်