သဲကုန်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက သဲကုန်းမြို့နယ် အင်းမမြို့ဈေး၌ ကျင်းပသည်။
ဦးစွာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထိုက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်း ရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးငြှိမ်းသတ်ခြင်း နည်းစနစ်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


