တကောင်း ၂၀ ဧပြီ
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အင်းနက် ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို တကောင်းမြို့အင်းနက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများမှ ကြီးကြပ်၍ အင်းနက်ကျေးရွာ၊ တောင်တစ်လုံးကျေးရွာ၊ ငါးချောင်းဒေါင့် ကျေးရွာ၊ ရေလည်ကျွန်းကျေးရွာ၊ ကျွန်းကြီးကုန်းကျေးရွာနှင့် ကုက္ကိုကုန်း ကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၄၀၂ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ နှင့် ဆား ၅၀ သား တို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုအောင်(တကောင်း)