၈ ဧပြီ
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ယခုနှစ်နွေရာသီဈေးကွက် အတွင်းမှာ အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်ကို ခေါ်ယူဖို့ စီစဉ်နေပေမယ့် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းပေးဖို့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
အင်တာမီလန်အသင်းက တိုက်စစ်မှူး မာတီနက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင် ၉၇ သန်းနဲ့ ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းမှ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်ဇ်ကို ပရီမီယာလိဂ်ကလပ် မန်ယူအသင်း၊ စပိန် လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်း နဲ့ ပြင်သစ်ပထမတန်း ကလပ်ပီအက်စ်ဂျီ အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး မာတီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်ကနေ လက်ရှိအချိန်အထိ ၄၉ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၁ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံ လက်ရွေးစင် အသင်းအတွက်တော့ ၁၇ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိမှာ အင်တာမီလန်အသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်ဖို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။
ငွေကြယ်