၂၄ ဧပြီ
အီတလီလူမျိုး အသက်၂၃ နှစ်အရွယ် ဂျီအိုဗန်နာ က ဖိယက် (Fiat 500) ကားအဟောင်းတစ်စီးကို ပြန်လည်ပြုပြင်နိုင်အောင် အင်တာနက်စကားဝိုင်းတွေနဲ့ စာအုပ်တွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

အီတလီလူမျိုး ဗိသုကာပညာရှင် ဂျီအိုဗန်နာက ဖိယက် (Fiat 500) ကားအဟောင်းကို ကြိုက်လို့ဝယ်လိုက်တာသာဖြစ်တယ်။ ကားက လုံးဝပျက်နေတယ်။ စက်နိုးလို့မရသလို ဘရိတ်လည်း မပါပေမယ့် အခုတော့ အဲဒီဖိယက်ကားက အသုံးပြုလို့ရနေလို့ ပြောပါတယ်။ အဲဒီကားဟာ ၁၉၆၇ ခုနှစ်ထုတ် ဖိယက်ကားဖြစ်ပြီး ကားဝယ်ယူဖို့အတွက် သူမရဲ့ မော်တော်ဆိုင်ကယ်ကို ရောင်းပြီး ဝယ်ယူခဲ့ရပါတယ်။ ဖိယက်ကို ဝယ်ယူစဉ်က အမေရိကန် ဒေါ်လာ ၂၂၅၀ (မြန်မာကျပ်ငွေ ၃၅ သိန်း) ပေးခဲ့ရပါတယ်။ ဒီကားကို ပြင်ဖို့အတွက် တစ်နှစ်နီးပါး အင်တာနက်ပေါ်က စကားဝိုင်းတွေမှာရှိတဲ့ ကားပြုပြင်နိုင်တဲ့ ပညာရှင်တွေကိုသာ မေးမြန်းခဲ့ကြောင်း၊ အဲဒီပညာရှင်တွေက ဂဟေဆော်နည်းတွေပါ သင်ကြားပေးပြီး ဟောင်းဆွေးနေတဲ့ အပိုင်းတွေကို ဖျက်ပြီး ဂဟေဆော်ပြီး ဆက်ဖို့ အတွက်ပါ သင်ကြားပေးခဲ့ကြပါတယ်။

အခုတော့ ဒုတိယကား အဟောင်းကိုတော့ ၃ လနဲ့ ပြန်လည်ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်နေပါတယ်။ ဗိသုကာဘွဲ့ရဟာ သူပျော်မွေ့တဲ့ ကားအဟောင်းပြင်တဲ့ အလုပ်နဲ့ သက်မွေးဝမ်းကျောင်းနိုင်မယ်လို့ ယူဆနေပါတယ်။

အခုတော့ ဂျီအိုဗန်နာ က ကားရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ပြီး ပြန်လည်တပ်ဆင်နိုင်ရေးအတွက် သေချာသိနားလည်ကြောင်း၊ နောက်ထပ် ဒီထက်ဈေးကြီးတဲ့ကားတွေကို ပြန်လည်ပြင်ဆင်ခြင်ကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP
