ချီဖွေ    ၂၃  ဇန်နဝါရီ   

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၌ MPT မိုလ်ဘိုင်းစခန်းသစ်ကို ဇန်နဝါရီ (၂၂)ရက်နေ့ နံနက်ပိုင်းက ဘာလဲ့ရပ်ကွက်တွင်ဖွင့်လှစ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းညွှန့်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာ ဦးစိုးမင်းထိုက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြောင်း သိရသည်။

 

5263

 

BTS-KCN 00518 မိုလ်ဘိုင်းစခန်းသစ်ဖွင့်ပွဲတွင် ဒေသခံ ဦးအက်စ်လန်းဘောမ့်မှ “အခုလို လမ်းတွေ ကောင်းလာအောင်၊ ဆက်သွယ်ရေးတွေကောင်းလာအောင်၊ 4 G သုံးနိုင်အောင် ဆောင်ရွက် ပေးတဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ် ဟုပြောကြားသည်။

 

ချီဖွေမြို့သည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့နှင့်မိုင်(၇၀)ကျော်ခန့်မျှသာ ကွာဝေးသော်လည်း ယခင်ကအင်တာနက်လိုင်းမရရှိပဲ ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းမှသာ မြန်မာ့ဆက်သွယ်ရေး  MPT ၏ 4 G ကွန်ရက်ချိတ်ဆက်မှုအား ရရှိခဲ့ခြင်းဖြစ်သည်။

 

ယခင်က ချီဖွေ-မြစ်ကြီးနားကားလမ်းသည် (၃-၄) ညအိပ်သွားရသောခရီးဖြစ်ပြီး လမ်း ကောင်းမွန် လာသည်မှာ မကြာသေးသလို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ကောင်းမွန်လာသည်မှာလည်း မကြာသေးကြောင်း သိရသည်။

 

ချီဖွေမြို့တွင် အခြားဆက်သွယ်ရေးအော်ပရေတာအဖြစ် တယ်လီနော(Telenor)မိုလ်ဘိုင်း စခန်းလည်း ရှိနေသေးပြီး အင်တာနက်လိုင်းများ အသုံးပြုနိုင်ပြီး ချီဖွေဒေသခံများအနေဖြင့် MPT နှင့် တယ်လီနော (Telenor) ဆက်သွယ်ရေးအော်ပရေတာနှစ်ခုလုံးတို့၏ ဝန်ဆောင်မှုများအားရရှိ ခံစားနိုင်တော့မည် ဖြစ်သည်။

 

ခေါင်လွမ်း(ပြန်/ဆက်)