အင်းတော်   ၁၁  ဇန်နဝါရီ   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့အခြေခံပညာအထက်တန်းကျောင်း ၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

 

1547896


အဆိုပါ ထမနဲထိုးပြိုင်ပွဲ၌ အင်းတော်မြို့အခြေခံပညာ အထက်တန်းကျောင်းမှ  အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများက အောင်သပြေအဖွဲ့၊ ဂန္ဓမာပန်းအဖွဲ့၊ သစ္စာပန်းအဖွဲ့၊ ကံ့ကော်ပန်းအဖွဲ့၊ နှင်းဆီပန်းအဖွဲ့၊ မေမြို့ပန်းအဖွဲ့ အဖွဲ့ ခြောက်ဖွဲ့ခွဲပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသည့် အဖွဲ့အား ကျောင်းအုပ်ဆရာမကြီးက ဆုများချီးမြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။    


ကိုမင်း(အင်းတော်)