ရေနံချောင်း ၂၂ ဇွန်

 

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၃၄.၃ သန်းဖြင့် အင်တောကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော စက်ရေတွင်း တူးဖော်နေမှု လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           

 

ရေနံချောင်းမြို့နယ်၌ သောက်သုံးရေ ရှားပါးသည့် ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အင်တောကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေကျပ် ၃၄.၃ သန်းဖြင့် အနက် ပေ ၁၀ဝ၀ရှိ  လေးလက်မစက်ရေတွင်း တစ်တွင်း၊ (၁၀ ပေ၊ ၈ ပေ၊ ၈ ပေ) ရေစက်ရုံတစ်ခု၊ ဂါလံ(၅၀ဝ၀)ဆံ့ ရေလှောင်ကန် တစ်ခုတို့အား မေလ တတိယပတ်မှ စတင်ဆောင်ရွက်လျက်ရှိပြီး စက်ရေတွင်း တူးဖော်ပြီးစီးပါက အင်တောကျေး ရွာရှိ အိမ်ခြေ ၃၄၀ မှ လူဦးရေ ၁၆၇၂ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

ကိုစိုးကြီး