အင်းတော်ကြီး ၂၈ ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ညောင်ထောက်ကျေးရွာ၊ အောက်ရွှေမှော်၌ မုန်ယိုကာစိတ်ရိုင်းဝင်ပြီး လွတ်မြောက်နေသည့် (၄၉)နှစ်အရွယ် အိမ်မွေးဆင်တစ်ကောင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

2

 

အောက်ရွှေမှော်ရွာမှ အောင်ဘုအမည်ရှိ အသက်(၄၉)နှစ်အရွယ် အဆိုပါ အိမ်မွေးဆင်အထီးသည် ပြီးခဲ့သည့်ရက်ပိုင်းက မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဒေသခံ ရွှေကျင်လုပ်သားများအား နင်းသတ်ခြင်း၊ ရွှေမှော်ပတ်ဝန်းကျင်တွင် နေထိုင်သူများကို အန္တရာယ်ပေးခြင်းများ ပြုလုပ်နေရာ ဆင်ဦးစီးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

5

 

မုန်ယိုနေသည့်ဆင်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင် ဦးစီးသည့် ဆင်ဖမ်းအဖွဲ့က ကွန်ဂျီဆင်သုံးကောင်၊ မေ့ဆေးသေနတ် နှစ်လက်ဖြင့် ဒေသခံတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဒီဇင်ဘာ ၂၉ ရက်မှစ၍ လိုက်လံဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)