အင်းတော်လဟာကြီးအင်းအတွင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) စိုက်ထည့်

ရွှေကူ    ၂၇   နိုဝင်ဘာ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရေလဲကျေးရွာ ရွှေအင်းတော်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်း(လီမီတက်)၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အင်းတော်လဟာကြီးအင်းအတွင်း ဒုတိယအကြိမ် ငါးသားပေါက်များ စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ငါးသားပေါက်များစိုက်ထည့်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းအောင်၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စလားဗီးယား ငါးသားပေါက် ကောင်ရေ(၅၀၀၀၀)ကို အင်းအတွင်းသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။ 

ကျော်မျိုးအောင်(ပြန်/ဆက်)