အင်တော စက်တင်ဘာ ၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အမှတ်(၆)လမ်း ကွန်ကရစ်ခင်းခြင်းအား ဩဂုတ်လ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အင်တောမြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၆)လမ်းပိုင်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အင်တောမြို့နယ်ခွဲ စည်ပင်သာရေးဌာနက ရှမ်းပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ငွေကျပ် ၃၅၉ သိန်းဖြင့် လမ်းအရှည် (၁၅၀၀) ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မရှိသည့် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ သိရသည်။

အောင်ခိုင်(အင်တောပြန်/ဆက်)