အင်းတော် ၁၂ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ဇန်နဝါရီ ၁၁ ရက်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မြင့်သန်းက သင်တန်းသူများအနေဖြင့် သင်ကြပေးသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးစီးပါက လက်တွေ့အသုံးချရန်လိုကြောင်း၊ သင်ထောက်ကူပြု ပစ္စည်းများ ပေးအပ်ထားပြီး လိုအပ်ပါက ဌာနမှကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

အဆိုပါသင်တန်းသို့ ကျေးရွာလေးရွာမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး အမျိုးသမီးဝတ်၊ အမျိုးသားဝတ်၊ ကလေးဝတ်၊ စကတ်အမျိုးမျိုး စသည့်ချုပ်နည်းများကို တစ်လကြာ စာတွေ့လက်တွေ့  သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)