အင်းတော်မြို့နယ် မော်လူး၌ ဓားကိုင်ရမ်းကားနေသဖြင့် အမှုဖွင့်အရေးယူ

အင်းတော်  ၂၄   မေ   

 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး၌ အမျိုးသားတစ်ဦး ဓားကိုင်ရမ်းကားနေသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မေ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က မော်လူးနယ်မြေရဲတပ်ဖွဲ့စခန်းမှ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည်  မော်လူးဘူတာရုံသံလမ်းအရှေ့ကားလမ်းပေါ်၌ အမျိုးသားတစ်ဦး ဓားကိုင်၍ ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ အခင်းဖြစ်ပွားရာနေရာတွင် ဇော်ဝမ်း ၂၇ နှစ်သည် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားအိမ်ပါသော ဓားဦးချွန်ဖြင့် ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းအား ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး အများသူငါလမ်းမကြီးပေါ်၌ ဓားကိုင်ရမ်းကားသူ ဇော်ဝမ်းအား မော်လူးနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)

 

FB_IMG_