အင်းတော်၊       ၂၁    ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ နန့်ခင့်ကျေးရွာအုပ်စု အင်းရွာကျေးရွာ တောင်သူ ဦးချစ်ဖေ၊ ကွင်းအမှတ် - ၁၀၃၅၏ လယ်မြေတွင် သီးထပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ (မြေပဲ) စိုက်ခင်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၀ ရက်က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးလာအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စိုက်ခင်းများအတွင်း ဓာတုပိုးသတ်ဆေးအစား သဘာဝပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝ ဓာတ်မြေဩဇာများကို အသုံးပြုရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် နည်းပညာ အခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာ နည်းပညာပေး စင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် ဇန်နဝါရီ  ၂၁  ရက်အထိ ဆောင်းသီးနှံ သီးနှံစုံဧက ငါးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း အင်းတော်မြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်ခိုင်က ပြောပြသည်။

 

ခန့်ဇော်ပိုင်(ပြန်/ဆက်)