အင်တော ၁၂ ဧပြီ
ရှမ်းပြည်နယ်၊ အင်တောမြို့နယ်အတွင်း ယနေ့ ညနေ ၄ နာရီက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် စားသောက်ကုန်(၅)မျိုးကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည် အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ကုလားပဲ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
အင်တောမြို့နယ်တွင် မြို့ပေါ် ၆ ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင်စု ၁၂၄ စုတို့ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးပြီး ကျေးရွာအုပ်စု (၃)အုပ်စုမှ အိမ်ထောင်စု ၂၀၅ စုကို ဆက်လက်ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)


