အင်းတော်၊ ၈ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေ အတွင်းရှိ လယ်ပြင်ကျေးရွာ တောင်သူ ဦးတင်မြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းအား ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ဖြစ်စေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေးအစား သဘာဝပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝဓာတ်မြေဩဇာများကို သုံးစွဲကြရန်၊ သဘာဝပိုးနှင်ဆေး၊ သဘာဝပိုးသတ် ဆေးနှင့် သဘာဝဓာတ်မြေ ဩဇာများသည် လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ကုန်ကျစရိတ် သက်သာမှုရှိကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သဘာဝပိုးနှင်ဆေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပြုလုပ်သုံးစွဲ တတ်စေရန် ပညာပေးဆွေးနွေးခဲ့ပြီး စိုက်ခင်းရှိ သီးနှံပင်များအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်အတူ စစ်ဆေးကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လူအောင်(ကသာ)