အင်းတော်  ၁၃  မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်တော်မြို့နယ် မိုးယူကျေးရွာအနီးတွင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်ပေါ်ပါအမျိုးသား(၄)ဦး သေဆုံးသွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ မေလ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အင်းတော်မြို့မရဲစခန်းမှ ဒုရဲအုပ်ဖြိုးသူကျော် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာဖြစ်သော အင်းတော်မြို့နယ် မိုးယူကျေးရွာ အနီးတွင် သွားရောက်ကြည့်ရှု စစ်ဆေးရာ မောင်ပေါ ဆိုသူ မောင်းနှင်လာသော ခြောက်ဘီးယာဉ်သည် မိုးယူကျေးရွာ ရွာမဘုန်းတော်ကြီး ဆောက်လုပ်ရန်အတွက် ကျောက်များ တင်ဆောင်မောင်းနှင်လာစဉ် မိုးယူကျေးအနီး အရောက်၌ ယာဉ်အား အရှိန်မထိန်းနိုင်သဖြင့် တိမ်းမှောက်သွားစဉ် ယာဉ်ပေါ်ပါ အင်းတော်မြို့နယ်၊ မိုးယူကျေးရွာသား လေးဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ပေါ့ဆစွာ မောင်းနှင်သူကို အင်းတော်မြို့နယ်နေသူအား အင်းတော်မြို့မရဲစခန်းမှ ယာဉ်စည်းကမ်း ဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


လူအောင်(ကသာ)