မော်လူး ၄  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးမြို့တွင် ယနေ့နံနက် ၆ နာရီ မိနစ် ၅၀ အချိန်က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် မော်လူးဒေသ ဖုန်ကုန်းတောင် ရန်အောင်မြင် မင်္ဂလာကျောင်းတိုက် မြောက်ဘက် မုခ်ဦး ပြိုကျပျက်စီးပြီး ဓမ္မာရုံအတွင်း ဘုရားခန်း နံရံများ ကွာကျပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖုန်ကုန်းချောင်းကူး တံတားမှာလည်း ၁ ပေခန့်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ယနေ့ နံနက်အစောပိုင်းက ကသာမြို့အနီး  အင်အား ရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်း ဖြစ်သည်။

 

လူအောင်(ကသာ)