အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်မှုအတွက် ကုန်ကျစရိတ်အားလုံးကို အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့ ကျခံသုံးစွဲပြီး လှူဒါန်းသွားမှာပါ

မောင်တော ၆ ဖေဖော်ဝါရီ

အငူမော် - မောင်တောလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်အားလုံးကို အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့ ကျခံသုံးစွဲပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးမျိုးခိုင်က ပြောသည်။

 

 

“ကျွန်တော်တို့ အေးရှားဝေါလ်ဖောင်ဒေးရှင်းအနေနဲ့ အငူမော် - မောင်တောလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်ပါတယ်၊ ဒီလမ်းဖောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်အားလုံးကို အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့ ကျခံသုံးစွဲပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်၊ ဒီလမ်းဟာ အငူမော်ကနေ မောင်တောအထိ ၄၉ မိုင် ခြောက်ဖာလုံရှည်ပါတယ်၊ ကွန်ကရစ်လမ်းရဲ့ အကျယ်က ၁၈ ပေ ဖြစ်ပါတယ်၊ နိုင်ငံတော်အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များနဲ့ ကုမ္ပဏီ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းပြီး တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်ပေးဖို့ ဖိတ်ကြားလှမ်းကမ်းမှုရှိတာရယ် ကျွန်တော်တို့ အေးရှားဝေါလ်ဖောင်ဒေးရှင်းအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ဖွွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒများကြောင့် လှူဒါန်းဖြစ်ခဲ့တာပါ၊ အခုလမ်းဖောက်လုပ်ခြင်းကိစ္စမှာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှု၊ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးတို့ရဲ့ ပံ့ပိုးကူညီမှု၊ နိုင်ငံတော်ကဖွဲ့စည်းထားတဲ့ UEHRD ရဲ့ အစီအစဉ်များအတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု ဦးမျိုးခိုင်က ပြောသည်။

MDN