ပြည်  ၅  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီ စေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association(SVA) တို့ ပူးပေါင်း ဆောင်ရွက်သော ၂၀၂၀ ပြည့်နှစ် တတိယအကြိမ်မြောက် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။ 

 

a1

 

အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အကြောင်းအရာများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ခြင်း၊ အတူတူ ကစားရအောင်နှင့် ဝက်ကလေးသုံးကောင်ခေါင်းစဉ်ပါ ဘုတ်ပြားပြဇာတ်ခေါင်းစဉ် အသစ်(၂)ခုအား မိတ်ဆက်ခြင်း၊ တူတူပုန်းတမ်းကစားခြင်း၊ ဝက်ကလေးဖြူဖွေး ဘာတွေစား၊ ဒုတ်ထိုးဆိုင် အစရှိသည့် စက္ကူရုပ်သေးပြဇာတ် ခေါင်းစဉ်အသစ်တို့ဖြင့် မိတ်ဆက်ခြင်းနှင့် အဆိုပါ ဘုတ်ပြားပြဇာတ်နှင့် စက္ကူရုပ်သေးပြဇာတ် ခေါင်းစဉ်အသစ်တို့ကို ကိုယ်တိုင်ပြုလုပ် ဖန်တီးလေ့ကျင့်သရုပ်ပြခြင်း အပါအဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များမှ လက်ရှိဆောင်ရွက်နေသော အွန်လိုင်းမှပုံပြောခြင်း အစီအစဉ်အတွက် ဆက်လက် ဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်းနှင့် သင်တန်းနောက်ဆုံးနေ့တွင် (၄)ရက်ကြာ ဆွေးနွေးခဲ့သော အကြောင်းအရာများအားလုံးကို ပြန်လည်ဆွေးနွေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association(SVA)မှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပြည်ခရိုင် (၆)မြို့နယ်နှင့် သာယာဝတီခရိုင် (၈)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ခရိုင်နှင့် မြို့နယ် ပြန်/ဆက်ဦးစီးမှူးများနှင့် ပြည်သူ့စာကြည့်တိုက် တာဝန်ခံဝန်ထမ်းများ၊   ပန်းတောင်းမြို့နယ် Community Learning Centre (CLC) (၃)ခုမှ အဖွဲ့ဝင် (၆)ဦးနှင့် လေ့လာသူတစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးကျော်ကြီး (ပြန်/ဆက်)