ရန်ကုန်၊ ၆ ဒီဇင်ဘာ
အွန်လိုင်းကမ္ဘာ့တိုက်ကွမ်ဒိုကကွက် အာရှချန်ပီယံရှစ်ပြိုင်ပွဲ (ONLINE 2020 WORLD TAEKWONDO ASIA POOMSAE OPEN CHAMPIONSHIP) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ရွှေ တစ်ခု၊ ငွေ တစ်ခု၊ ကြေး သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်က သိရသည်။
ဗိုလ်လုပွဲတွင် Cadet Black Belt Division တွင် မောင်ထူးလရောင်က ရွှေတစ်ခု၊ မောင်ဟိန်းခန့်ကျော်နှင့် မောင်လင်းလွန်းတံခွန်က ကြေးတစ်ခုစီ၊ Under Junior Colour Belt Division တွင် မောင်စစ်နိုင်သီဟဇော်က ငွေတစ်ခုနှင့် မလင်းလတ်အောင်က ကြေးတစ်ခုစီ ဆွတ်ခူးရရှိကြ သည်။
အဆိုပါပြိုင်ပွဲကို ကိုရီးယားနိုင်ငံက စီစဉ်ကျင်းပပြီး အာရှနိုင်ငံများမှ ၄၃ နိုင်ငံ ပါဝင်ကာ ကစားသမား ၃၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အာကာစိုး
