မန္တလေး ၁၉ နိုဝင်ဘာ
အွန်လိုင်းတွင် လူကြိုက်များနေသည့် ဖိုးထောင်သီချင်း ပါဝင်သည့် မန္တလေးသားအဆိုတော် ဦးဦးနေဇော်၏ ချစ်သောနှင်းဆီ တေးစီးရီးသစ် မိတ်ဆက်ပွဲကို အခုလ ၁၈ ရက်က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတေးစီရီးတွင် သီချင်း ၁၀ ပုဒ်ပါဝင်ပြီး တေးရေး မဲနော၊ ရိုမီကို၊ ဣန္ဒာနတ်သျှင်၊ အလင်း (မန္တလေး)၊ လွမ်းသုဝဏ် တို့က ရေးသားထားကြောင်း သိရသည်။
ဒါရိုက်တာ ထင်အောင်လင်း (လင်း)၊ မန္တလေးသားသူရ၊ ဇော်မျိုးထက် (Galaxy)၊ ညီနေမင်း၊ သန့်စင်ဝိုင်းတို့က ရိုက်ကူးပုံဖော်ပေးထားသည့် ချစ်သောနှင်းဆီ တေးစီရီးကို နိုဝင်ဘာလ ၁၄ ရက်က စပြီး ဖြန့်ချီနေပြီဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်