ကျိုက်ထို ၃၁ ဇန်နဝါရီ
ကျိုက်ထိုမြို့နယ်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်းစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီတွင် အများပြည်သူ မြင်နိုင်သည့် ကော့စံနိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်းထောင့်ကွေ့တွင် “အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ် စီးဦးထုပ်ဆောင်းကြစို့” ဆိုင်းဘုတ်ကို စိုက်ထူခဲ့သည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲဝင်းထိုက်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)