ရေဦး  ၉   စက်တင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန ရေဦးမြို့နယ်မီးသတ်စခန်းနှင့် ဗိသုကာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြုလုပ်သော စားသုံးရန်မသင့်သည့် အစားအစာများနှင့် မီးဘေး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၈ ရက်နံနက် ၁၀ နာရီကအဆိုပါကျောင်း၌ပြုလုပ်ခဲ့သည်။

 

783

 

ရှေးဦးစွာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာန ရေဦးမြို့နယ်တာဝန်ခံ ဦးအောင်ညွန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာထားသည့် စားသုံးရန်မသင့် အစားအစာများနှင့် အလှကုန်ခရင်မ်များ၊ စားသုံးသူအခွင့်အရေးဆိုင်ရာ  ဥပဒေများအကြောင်းကိုလည်းကောင်း၊ ဆက်လက်ပြီး မီးသတ်စခန်းတာဝန်ခံ ဦးရန်ပိုင်ဖြိုးက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့်ကယ်ဆယ်ရေးနည်းပညာများကို  ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး မီးငြှိမ်းသတ်ယာဉ်တို့ဖြင့်  လက်တွေ့မီးငြှိမ်းသတ်နည်းများကို
လက်တွေ့ပြသခဲ့ကြောင်းသိရသည်။

သန်းထိုက် ( ရေဦး)