mdn

အကယ်ဒမီများရှင် ဒါရိုက်တာ ဦးကြည်စိုးထွန်း


မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ”၊ “သက်ရှည် ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ”၊ “မေတ္တာတရားလွမ်းခြုံထား ပြန့်ပွားများပြားကြပါစေ”။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်းလွင်
၂၀၂၀ နှစ်သစ်မှာ တိုင်းသူ ပြည်သားတွေအားလုံး စားဝတ်နေရေး ပြေလည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ စခန်းသာမှာ လမ်းဖြာဝမ်းသာနိုင်ကြ ပါစေ။

 

mdn
စာရေးဆရာမ ဂျူး


နှစ်သစ်မှာ မြန်မာပြည်သူအပေါင်း ပူပင်သောက ကင်းဝေးပြီး ငြိမ်းအေးစွာ၊ စိမ်းလန်းစွာ၊ ပြည့်စုံစွာ ကျန်းမာရွှင်လန်း ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

mdn
အဆိုတော် အောင်ထက်


သီချင်းချစ်သူ ပရိသတ်ကြီး အားလုံး ၂၀၂၀ ပြည့်နှစ် နှစ်သစ်မှာ အမြဲတမ်းစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ကြံစည်ဆောင်ရွက်သမျှ အလုပ်အကိုင်တွေအားလုံး အောင်မြင်ကြပါ စေ။ ပြီးတော့ ပျော်ရွှင်သာယာတဲ့ မိသားစုဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

 

mdn
အဆိုတော် နီနီခင်ဇော်


မြန်မာပြည်က ပရိသတ်တွေအားလုံး၊ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့သူတွေအားလုံး ၂၀၂၀ ပြည့်နှစ်က စတင်ပြီး ပိုမိုငြိမ်းချမ်းပြီးတော့ သာယာလှပတဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။


mdn

သရုပ်ဆောင် ဇဏ်ခီ


မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်သောကအပေါင်းမှ ကင်းရှင်းကြပါစေ။ မြန်မာပြည်ကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပြီး အာရှရဲ့ ကျားတစ်ကောင်အသွင်သို့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ပြောင်းလဲနိုင်ပါစေ။ ဘေးပယောဂအပေါင်းမှ ကင်းလွတ် ပါစေ။

 

mdn
ဒါရိုက်တာ ခရစ်စတီးနားခီ


၂၀၂၀ နှစ်သစ်မှာ အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေ။ စီးပွားဥစ္စာတွေ တိုးပွားပြီး ဘေးရန်အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေ။ မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းပြီး အားလုံးအတူတကွ အေးချမ်းစွာနေထိုင်နိုင်ကြပါစေ။


မြတ်စန္ဒီ