lm

 

သရုပ်ဆောင် လူမင်း

မြန်မာပြည်သူပြည်သားတွေ ယခု ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ကြီးကနေ အမြန်ဆုံးလွန်မြောက် ပြီး သာယာပျော်ရွှင်တဲ့ နှစ်သစ်ကို အမြန်ဆုံး ရောက်ရှိပိုင်ဆိုင်နိုင်ကြပါ စေ။ လက်ရှိ ကျွန်တော်တို့ အခြေအနေ က အလွန်စိုးရိမ်နေရတဲ့ အနီရောင် စက်ဝိုင်းထဲမှာ ရှိနေပါသေးတယ်။

မပေါ့ဆကြပါနဲ့လို့ ပြောချင်ပါတယ်။ စိတ်ကို တတ်နိုင်သမျှ ရှည်ရှည်ထားပြီး အိမ်မှာပဲ သည်းခံပြီး နေပေးကြပါလို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။

 

knw

 

သရုပ်ဆောင် ခိုင်နှင်းဝေ

အားလုံးက နှစ်တိုင်းသင်္ကြန်ဆို ပျော်ရွှင်ကြပါတယ်။ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုကြပါတယ်။ ဒီနှစ်မှာ လူတွေအားလုံးက စိုးရိမ်ထိတ်လန့်စွာ နဲ့ နေကြရပါတယ်။ ယခုနှစ်သစ်က နေစပြီး ပုံမှန်အတိုင်း စီးပွားရေးတွေ ပြန်လည်ကောင်းမွန်ပါစေလို့ ဆုမွန် တောင်းလိုက်ပါတယ်။

အားလုံးအနေနဲ့ ကိုယ်က ရောဂါပိုး သယ်ဆောင်သူ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုရင် အိမ်ထဲမှာ နေထိုင်ပေးကြပါ။ အပြင် ထွက်တယ်ဆိုရင် ရောဂါပိုးက ဘယ်သူ့မှာ ရှိတယ်ဆိုတာ မသိနိုင်ပါ ဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ့် ပတ်ဝန်းကျင်ကို၊ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် မိမိအိမ်မှာ နေထိုင် ပေးခြင်းက ရောဂါကို ကာကွယ်ရာ ရောက်ပါတယ်လို့ ပြောချင်ပါတယ်။

 

mkl

 

အဆိုတော် မေခလာ

နှစ်သစ်မှာ မြန်မာပြည်သူပြည်သား အားလုံး စိတ်ချမ်းသာခြင်းနဲ့ ကိုယ် ကျန်းမာခြင်းတွေ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ နှစ်တိုင်းသင်္ကြန်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြုံခဲ့ပြီးပါပြီ။ ဒီနှစ် မကြုံခဲ့ရတာကို စိတ်ထဲမှာ ဘာမှမထားကြပါနဲ့။ နောက်နှစ် နောက်နှစ်တွေ သင်္ကြန်တွေ ရှိပါသေးတယ်။ အားမွေးထားကြပါလို့ ပြောချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး လူတွေ ထိတ်လန့်နေကြ ပါတယ်။ ဒီရောဂါကြီးက ကမ္ဘာနဲ့ချီ ဖြစ်တဲ့ ကပ်ရောဂါကြီးထဲမှာ ပါပါတယ်။ ဒီကပ်ရောဂါဆိုးကြီး ကျော်လွှားနိုင်ဖို့အတွက် ကျွန်မတို့
အားလုံး စုပေါင်းညီညာစွာနဲ့ ဆောင်ရွက်မှသာ အောင်မြင် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

 

nnsp

 

အဆိုတော် နွေးနွေးချစ်ဖွယ်

နှစ်သစ်မှာ (၇) ရက်သားသမီးတွေ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာ ခြင်းနှင့် ပြည့်စုံကြပြီး မိသားစုနှင့်အတူ ထာဝရပျော်ရွှင်ပြီး သာသနာပြုနိုင် သော အမျိုးကောင်းသား အမျိုးကောင်း သမီးတွေ ဖြစ်ကြပါစေ။ ယခုရင်ဆိုင် ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ် ရောဂါဆိုးကြီးကနေလည်း ကင်းဝေး နိုင်ကြပါစေ။ အခုအချိန်မှာ အိမ်ထဲက မထွက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် လည်းကာကွယ်၊ မိသားစုကိုလည်း ကာကွယ်၊ ကိုယ်ချစ်သော ကမ္ဘာမြေ ကြီးကိုလည်း ကာကွယ်ကြပါစို့လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း -သီသီမင်း
ဓာတ်ပုံ-မင်းသစ် (MNA)