မတ် ၁၁

 

ဝါးခယ်မမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ် ဖြေဆိုသူ ၄၃၃၂ ဦးရှိ

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မတ် ၁၁ ရက်မှ ၂၀ ရက်အထိ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ယနေ့ မြန်မာစာဘာသာရပ်အား ဝါးခယ်မမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၄၃၃၂  ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

 

စာဖြေဌာန ၁၂ ခု ဖွင့်လှစ် ထားရှိပြီး ကျောင်းတွင်း ဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း ၄၇၆၀  ဦး စာရင်းပေးသွင်းထားရာ မြန်မာစာ ဘာသာရပ် ဖြေဆိုသူ စုစုပေါင်းမှာ ၄၃၃၂ ဦး ရှိကြောင်း၊ ရာခိုင်နှုန်း အနေဖြင့် ၉၁ ဒသမ ဝ၁ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)

 

3698

 

ဒီးမော့ဆိုမြို့နယ်တွင် စာစစ်ဌာန ငါးခု၌ ဖြေဆိုသူ စုစုပေါင်း ၂၂၅၄ ဦးရှိ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စာစစ်ဌာန ငါးခု၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပလျက်ရှိရာ  စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်တွင် စာစစ်ဌာန ငါးခု၌ ကျောင်းသား (၉၁၀) ဦး၊ ကျောင်းသူ (၁၅၂၈) ဦး စုစုပေါင်း (၂၄၃၈) ဦး စာရင်းပေးသွင်းထားသည့်အနက် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၈၀ဝ) ဦး၊ ကျောင်းသူ (၁၄၅၉) ဦး စုစုပေါင်း (၂၂၅၉) ဦး ရှိပြီး  ၉၂ ဒသမ ၆၆ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)

 

96325

 

မိုးမိတ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် စုစုပေါင်း ၉၄၇ ဦး ဝင်ရောက်ဖြေဆို

 

မိုးမိတ်မြို့နယ်တွင် စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် တင်ထားသူ အတွင်းဖြေ ၆၆၆ ဦးနှင့် အပြင်ဖြေ ၃၂၇ ဦး စုစုပေါင်း ၉၉၃ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၉၄၇ ဦး နှင့် ပျက်ကွက်သူ ၄၆ ဦးရှိရာ ဖြေဆိုသည့်ရာခိုင်နှုန်း ၉၅ ဒသမ ၃၇ ကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)

 

963

 

မဘိမ်းမြို့နယ်တွင် ဖြေဆိုသူ ၉၂ ဒသမ ၅၇ ရာခိုင်နှုန်းရှိ

 

မဘိမ်းမြို့နယ်ရှိ စာစစ်ဌာန နှစ်ခုတွင် စာရင်းပေးသွင်းသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၂၃)ဉီး ရှိသည့်အနက် ဖြေဆိုသူ (၉၄၇ )ဉီး ရှိသဖြင့် (၉၂ဒသမ၅၇) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ထိန်လင်းဦး (ပြန်/ဆက်)