ဂျေရုဆလင် မတ် ၃
ဓားစာခံများ ထပ်မံလွတ်မြောက်ရေးအတွက် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်၏ အဆိုပြုချက် အသစ်ကို ဟားမားစ်တို့က လက်မခံမချင်း ဂါဇာကမ်းမြောင်သို့ ပေးပို့မည့် အကူအညီများ ကို ပိတ်ဆို့သွားမည်ဟု အစ္စရေးက ပြောကြားသည်။
ဂါဇာကမ်းမြောင်သို့ ကုန်ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများအားလုံး ဝင်ရောက်မှုကို လုံးဝ ရပ်ဆိုင်းထားမည် ဖြစ်ပြီး ဟားမားစ်တို့က ငြင်းဆိုမှုများဆက်လက်လုပ်နေပါက နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက မတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ အဆိုပြုချက်အသစ်တွင် အပစ်အခတ်ရပ်စဲရေးကို ဧပြီလလယ်အထိ သက်တမ်း တိုးရန်နှင့် ဟားမားစ်တို့ထိန်းသိမ်းထားသည့် ဓားစာခံတစ်ဝက်ကို ချက်ချင်းပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။
ဟားမားစ်တို့က မူလအတိုင်းအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလဲလှယ်ရေး သဘောတူညီချက် ဒုတိအဆင့်ကို အကောင်အထည်ဖော်ရန်နှင့် အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာမှ အပြီးအပြတ်ဆုတ်ခွာမှသာ လက်ကျန်ဓားစာခံအားလုံးကို လွှတ်ပေးမည်ဟုဆိုသည်။
အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသကို အကူအညီများ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အထူး စိုးရိမ်မိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာ က ဆိုသည်။
မတ် ၂ ရက်က ဂါဇာကမ်းမြောင် မြောက်ပိုင်း၌ ဖောက်ခွဲရေးပစ္စည်းများ ဖောက်ခွဲရန်ကြံစည်နေသူ အများအပြားကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။
အင်န်အိတ်ချ်ကေ