ဝါရှင်တန်     ဇွန်     ၂၄

အစ္စရေးနှင့် အီရန်တို့အား အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုအတွက် အမေရိကန်သမ္မတထရမ့်က ပြစ်တင်ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး   သဘောတူညီချက်ရရှိပြီးနောက် လိုက်နာရမည့်အချက်များကို အစ္စရေးက လိုက်နာခြင်းမရှိသည်ကို မိမိမကျေနပ်ကြောင်းနှင့် အစ္စရေး၏ တုံ့ပြန်တိုက်ခိုက်မှုများ ပြင်းထန်သည့် အချက်ကိုလည်း  ရှုတ်ချကြောင်း  ထရမ့်က ပြောကြားသည်။ အစ္စရေးသည်  ယခုပဋိပက္ခကို  တည်ငြိမ်စွာဖြေရှင်းဆောင်ရွက်သင့်ကြောင်း၊  နှစ်ဖက်စလုံးသည် အပစ်အခတ်ရပ်စဲရေးကို  လိုက်နာ ခြင်းမရှိကြောင်း  ၎င်းက ပြောကြားသည်။ အစ္စရေးသည် ဗုံးများကြဲချခြင်းမရှိဟု မိမိယူဆသော် လည်း အကယ်၍ အစ္စရေးက ဗုံးကြဲခဲ့ပါက အဆိုပါဆောင်ရွက်ချက်သည်     အပစ်အခတ်ရပ်စဲရေးကို  ချိုးဖောက်ခြင်းဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။

အီရန်အနေဖြင့် အစ္စရေးအား ပြီးခဲ့သည့်နာရီပိုင်းအတွင်းက တိုက်ခိုက်မှုများ   ထပ်မံဆောင်ရွက်ခြင်း မရှိကြောင်း   အီရန် တာဝန်ရှိသူက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ