နေပြည်တော်  နိုဝင်ဘာ ၁၁

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်(APF) တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော “APF Virtual Dialogue on Climate Change and Human Rights: Role of National Human Rights Institutions” ဆွေးနွေးပွဲကို ယနေ့  ၁၁ နာရီခွဲတွင် zoom platform အသုံးပြု၍ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့  APF အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင် သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် APF အတွင်းရေးမှူးချုပ်ရုံး Principal Advisor , Ms. Pip Dargan က  ဆွေးနွေးပွဲ moderator အဖြစ် ဆောင်ရွက်ပြီး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ဆက်လက်၍ panel session ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် က ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် နိုင်ငံ၏ဆောင်ရွက်မှု၊ ကော်မရှင်၏ Climate Change နှင့်စပ်လျဉ်းသော ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် vulnerable group ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး Dr.Renante Basas ၊ မော်လ်ဒစ်(ဗ်) လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ Ms. Mariyam Muna ၊ အိန္ဒိယနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ Mr. Justice Arun Mishra နှင့် APF မှ အကြံပေးပုဂ္ဂိုလ် Mr. Romulo Nayacalevu တို့က နိုင်ငံအလိုက်ရာသီ ဥတုပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဆောင်ရွက်နေမှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဥပဒေ၊ မူဝါဒချမှတ်ရေး ကိစ္စရပ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ပါဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ IGM Project ဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေနှင့် အခွင့်အလမ်းများကိုတင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် panelist များ၏ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတက်ရောက်သူများ က ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)