၂၃ ဖေဖော်ဝါရီ

 

အမေရိကန်ထောက်ပံပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက IS အဖွဲ့လက်အောက်မှာ ရောက်ရှိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးရေးအတွက် ဆွေးနွေးနေကြပါတယ်။ 

 

IS ထိန်းချုပ်ထားတဲ့ နယ်မြေမှာ အမျိုးသမီးနဲ့ ကလေးတွေပါဝင်တဲ့ ရာချီတဲ့လူတွေကို ဗုဒ္ဓဟူးနေ့က ကားတွေနဲ့ ကယ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ပြည်သူ အများအပြား ရှိနေသေးတယ်လို့ ဆီးရီးယားဒီမိုကရက်တစ်တပ် SDF က ပြောပါတယ်။ 

 

9378f3eabc1

 

အမေရိကန်အပါအဝင် မဟာမိတ်အဖွဲ့က ထောက်ပံ့ပေးနေတဲ့ SDFအဖွဲ့က ဘာကူးရှိ ကျေးရွာလေးတစ်ရွာ ပိတ်မိနေတဲ့ ISတွေကို လေကြောင်းက တိုက်ခိုက်ပြီးနောက် အခုလိုမျိုး ပြည်သူတွေကို ကယ်ဆယ်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။ 

 

ဘာကူးမှာရှိတဲ့ ထောင်ဂဏန်အရေအတွက်ရှိတဲ့ ကလေးနဲ့ အမျိုးသမီး တွေဟာ IS အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိသူများဖြစ်ပါတယ်။ 

 

ဘာကူးမှာ ဗြိတိန်က နိုင်ငံသားပယ်ဖျက်ထားတဲ့ ဆယ်ကျော်သက် ရှာမီမာ ဘီဂန်လည်း ရှိနေပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

db710341c1f