၂၁ ဖေဖော်ဝါရီ 

 


အမေရိကန်နိုင်ငံဖွား အသက် ၂၄ နှစ်အရွယ် ဟိုဒါ မူသာနာ ကို အမေရိကန်နိုင်ငံကို ပြန်လာခွင့်ကို သမ္မတ ဒေါ်နယ်ထရန့်က မနေ့က ပိတ်ပင်လိုက်ပါတယ်။ မူသာနာ ဟာဆီးရီးယားရှိ IS အဖွဲ့ ကို ဝင်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံကနေ ၂၀၁၄ ခုနှစ်က ထွက်ခွာခဲ့ပါတယ်။ 

 

ေ

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကလည်း ဟိုဒါ မူသာနာဟာ အမေရိကန်နိုင်ငံသား မဟုတ်တော့ဘူး၊ သူမရဲ့ နိုင်ငံကူးလက်မှတ်ကလည်း တရားမဝင်တော့ဘူး။ အမေရိကန်နိုင်ငံကို လာဖို့လည်း ပြည်ဝင်ခွင့် ဗီဇာမရှိတော့ဘူးလို့ ဆိုပါတယ်။ 

 

ေ

 

မူသာနာရဲ့ ရှေ့နေ ဟာဆန် ရှီဘီက မူသာနာ ဟာ နယူးဂျာဆီ မှာ ၁၉၉၄ ခုနစ်က မွေးဖွာခဲ့တဲ့ကြောင်း ဖွားစာရင်း လည်းရှိကြောင်း၊ သူမဟာ အမေရိကန်နိုင်ငံသားဖြစ်ကြောင်း၊ သူမမှာ တရားဝင်တဲ့ နိုင်ငံကူးလက်မှတ်ရှိဖူးကြောင်း၊ ဒါပေမယ့် သူမက ဥပဒေချိုးဖောက်နိုင်တဲ့အခြေအနေရှိကြောင်း၊ တကယ်လို့ ဥပဒေ ချိုးဖောက်ခဲ့ရင် ထိုက်တန်တဲ့ တန်ကြေးကိုတော့ ပေးရမှာဖြစ်တယ်လို့ AFP ကို ပြောပါတယ်။ 

 

၁၈၆၈ ခုနှစ် ပြည်တွင်းစစ်အပြီးမှာ ကျွန်စနစ်ကို ဖျက်သိမ်းပြီး အမေရိကန်နိုင်ငံမှာ မွေးဖွားသူတိုင်း နိုင်ငံသားဖြစ်ခွင့် အပြည့်အဝရှိတယ်လို့ အမေရိကန် အခြေခံဥပဒေကို ၁၄ ကြိမ်မြောက် ပြင်အပြီးမှာ ပြဌာန်းထားပါတယ်။ ဒီအတွက် အမေရိကန်နိုင်ငံ သားအဖြစ် ဆုံးရှုံးရေးမှာ အင်မတန်ခက်ခဲတယ်လို့ ဆိုပါတယ်။ 

 

ေ

 

IS အဖွဲ့ထဲ ဝင်ခဲ့တဲ့ ရှာမီမာ ဘီဂန်ကိုလည်း ဗြိတိန်နိုင်ငံက နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ထားပါတယ်။ 

 

MDN
ကိုးကား - AFP