တိုက်ကြီး ၁၉ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ ငွေဉဒေါင်းခန်းမတွင်  ယနေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုတွေ့ဆုံပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပျီး ဆက်လက်၍ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက မြို့နယ်လူထုတွေ့ဆုံပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ပြည်သူများက မေးမြန်းသည့်မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မြို့နယ်လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)/(၂)နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စိတ်ပါဝင်စားသူ ပြည်သူများ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

စန်းကလျာခိုင် (ပြန်/ဆက်)