မြန်အောင် ၂၀ ဇူလိုင်
အဖြူရောင်ညီအကိုများအဖွဲ့မှဦးဆောင်၍ အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် မြန်အောင်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစား နွမ်းပါးသူ ၁၅၀ ဦးတို့အား ဇူလိုင် ၁၉ ရက် ညနေက အမှတ်(၅) ရပ်ကွက်တွင် အခြေခံစား သောက်ကုန်များ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
လှူဒါန်းရာတွင် မြစ်သဲကျောက်၊ ဘိလပ်မြေ အတင်အချ လုပ်နေသော အလုပ်သမားများ နွမ်းပါးသူ ၁၅၀ ဦးတို့အား တစ်ဦးကို ဆန်(၂) ပြည်၊ ကြက်သွန်နီ၊ ပဲ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် Mask များ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဖြူရောင်ညီအကိုများအဖွဲ့မှ အမှန်တကယ် လိုအပ်နေသောသူများကို ကူညီမှုများကြောင့် ယခုအခါ စေတနာရှင်လှူဒါန်းသူများ ရှိလာကြပြီး သက်ကြီးရွယ်အို နွမ်းပါးသူများနှင့် ကျန်းမာရေး မကောင်းသူများ၊ နေထိုင်စားသောက်ရေး အမှန်တကယ် အခက်အခဲရှိသူများကို ဆက်လက် ထောက်ပံ့ပေးနိုင်ရန် ကြိုးစားနေကြောင်း အဖြူရောင်ညီအကိုများ အဖွဲ့ ဦးဆောင်သူ ကိုအောင်မိုး ထံမှ သိရသည်။
ဝင်းဗိုလ် မြန်အောင်


