ရန်ကုန် ဖေဖော်ဝါရီ ၅
အပလီကေးရှင်းသုံးပြီး မိုဘိုင်းဖုန်းဖြင့် QR ကုတ်ကို Scan ဖတ်ကာ ငွေပေးချေနိုင်မည့်စနစ်ကို YBS ယာဉ်လိုင်း ၅ဝ ကျော်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Yangon Payment Service-YPS မှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များတွင် မိုဘိုင်းအပလီကေးရှင်း အသုံးပြုကာ QR ကုတ်ကို Scan ဖတ်ပြီး ယာဉ်စီးခပေးချေနိုင်မည့် MPyps+ Application မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC တွင် ကျင်းပသည်။
ထိုသို့ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်က YBSယာဉ်လိုင်းအချို့တွင် YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း Yangon Payment Service-YPS က အသိပေးခဲ့ပြီးနောက် ယခုလက်ရှိ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်းနံပါတ်များမှာ YBS 13, 55, 57, 63, 42, 65, 22, 64, 111, 133, 134, 84, 130, 135, 142, 39, 136, 138, 139, 21, 80, 81, 131, 27, 66, 76, 79, 85, 132, 12, 14, 25, 30, 38, 117, 128, 19, 100, 103, 35, 40, 61, 68, 137, 62, 87, 88, 108, 37, 43, 96, 104, 109, 72 နှင့် 89 ယာဉ်လိုင်းတို့ဖြစ်ကြောင်း သိရသည်။
YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ရန်လိုအပ်ပြီး Google Playstore နှင့် Huawei AppGallery မှတစ်ဆင့် Download ရယူနိုင်သကဲ့သို့ အသုံးပြုနိုင်သည့်ယာဉ်လိုင်းများတွင်လည်း အပလီကေးရှင်းကို Scan ဖတ်ကာ Download ပြုလုပ်နိုင်ရန် QR Code Sticker များကို ကပ်ပေးထားပြီးဖြစ်သောကြောင့် MPyps+ Application ကို ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် YPS card Services များနှင့် YPS QR Code Top Up Service ဝန်ဆောင် မှုများကို YPS Card အရောင်းကောင်တာများ (KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင့်မြင့် ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူရယူနိုင်ကြောင်း သိရသည်။
YPS QR Code နှင့်ပတ်သက်သည့် အကြောင်းအရာများကို Page တွင် တင်ထားသော Post များမှတစ်ဆင့် သိရှိနိုင်ပြီး အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်သကဲ့သို့ Call Center Phone Number: (Hotline နံပါတ်) 09969990905 သို့ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
MT , ဓာတ်ပုံ - Yangon Payment Service-YPS Zar