၁၅ ဇန်နဝါရီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်(State Visit) လာရောက်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ၁၉၅ဝ ပြည့်နှစ်မှာ သံတမန်အဆက်အသွယ် စတင်ထူထောင်ခဲ့ ကြတာဖြစ်တဲ့အတွက် အခုသမ္မတ မစ္စတာ ရှီကျင့်ဖျင် လာရောက်မယ့်ခရီးစဉ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့်မြောက်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရပါတယ်။

 

1151

 

အိမ်နီးချင်းကောင်းဆက်ဆံရေး

သံတမန်ဆက်ဆံမှု နှစ်ပေါင်း(၇၀) “ကာလအတွင်းမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ချစ်ခင်ရင်းနှီးတဲ့ အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အစိုးရအဆက်ဆက် ထိန်းသိမ်းလာခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ချိန်မှာ မြန်မာနိုင်ငံဟာ ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်နိုင်ငံ အကြား ကီလိုမီတာ ၂၀၀၀ ကျော်၊ မိုင်အားဖြင့် ၁၃၈၄ မိုင်ရှည်လျားတဲ့ နယ်နိမိတ် တစ်လျှောက်အတွက် နယ်နိမိတ်စာချုပ် (Boundary Treaty) ကို ၁၉၆၀ ပြည့်နှစ်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အခြေပြစာချုပ် (Protocol) ကို ၁၉၆၁ ခုနှစ်မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီနယ်နိမိတ်သဘောတူ စာချုပ်ဟာ နိုင်ငံပေါင်း ၁၄ နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံအတွက် ပထမဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူစာချုပ်ဖြစ်တာကြောင့် တရုတ်နိုင်ငံအတွက် ကျန်နိုင်ငံများနဲ့ နယ်နိမိတ်သဘောတူစာချုပ်တွေလက်မှတ် ရေးထိုးနိုင်ရေးအတွက် စံနမူနာပြစာချုပ် တစ်ခုဖြစ်တယ်လို့ တရုတ်အစိုးရက မကြာခဏ ချီးကျူးပြောဆိုလျက်ရှိပါတယ်။

 

151

 

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ

မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနု၊ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဝန်ကြီးချုပ် နေရူးတို့ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ် (Five Principles of Peaceful Coexistence) ၁၉၅၄ ခုနှစ်မှာ ပူးတွဲချမှတ်ခဲ့ကြပါတယ်။ ဒီမူကြီး (၅)ချက်ဖြစ်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှု ရှိရေး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျူးကျော်မှု မပြုလုပ်ရေး၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ အခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူရည်တူရှိမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးတွေဟာ ဒီကနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်အထိ စံပြုထိုက်တဲ့ မူဝါဒတွေအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးမှာလည်း ဒီမူကြီး (၅)ချက်ဟာ အဓိကကျတဲ့နေရာကနေ ပါဝင်နေပါတယ်။

ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်တွေအကြား အပြန်အလှန် ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်တွေဟာလည်းမြန်မာတရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့သလို ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင် ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ညီရင်းအစ်ကိုပမာ ဆက်ဆံရေးသဖွယ်ရှိမှုကို ပမာပြုပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးလို့လည်း တင်စားသတ်မှတ် ခေါ်ဝေါ်ခဲ့ကြပါ တယ်။ ၂၀၁၁ ခုနှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံများ ဆက်ဆံ Go (Comprehensive Strategic Cooperative Partnership) အဆင့်ကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

အပြုသဘောအကူအညီပေးသင့်

မြန်မာနိုင်ငံဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို အစဉ်အမြဲ ထောက်ခံခဲ့ပြီး တိဘက်၊ တိုင်ဝမ်နဲ့ ရှင်းကျန့် ဒေသတွေဟာ တရုတ်နိုင်ငံရဲ့ ခွဲထွက်လို့မရတဲ့ အစိတ်အပိုင်းတွေအဖြစ် ရပ်တည်ချက်ထား ရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေသာ ဖြစ်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ် ဖြေရှင်းဆောင်ရွက်မှုတွေအပေါ်မှာ အပြုသဘော အကူအညီသာ ပေးသင့်ကြောင်း ရပ်တည်လျက်ရှိပါတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ အပြု သဘောမဆောင်တဲ့ရလဒ်တွေသာ ရရှိစေမယ့် လုပ်ဆောင်ချက်တွေကိုလည်း ရှောင်ရှားကြဖို့ အစဉ်တိုက်တွန်းလျက်ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေဟာ နှစ်စဉ်ဖွံ့ဖြိုးတိုးတက်လျက်ရှိပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏဟာ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၁၁ ဘီလီယံကျော်အထိရှိနေပြီး နယ်စပ်ကုန်သွယ်မှုဟာ ကုန်သွယ်မှု စုစုပေါင်း ရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံ မှုအပိုင်းကိုကြည့်ရင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ဒေါ်လာ ၂၁ဘီလီယံနီးပါးရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း(Belt and Road Initiative-BRI) မှာ မြန်မာနိုင်ငံဟာလည်း အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (ChinaMyanmar Economic Corridor) စီမံကိန်းအရ နှစ်နိုင်ငံအကြား ပေါင်းစည်းဆက်နွယ် ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ ငွေကြေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက် မှုတွေပြုလုပ်လျက်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း နိုင်ငံတော်ရဲ့ စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ပြည်သူပြည်သားများရဲ့ လူနေမှုအဆင့်အတန်းကို ပိုမိုတိုးမြှင့်နိုင်ဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ် (Myanmar Sustainable Development Plan-MSDP) ကိုချမှတ်ပြီး ရည်မှန်းချက် ၁၇-ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံမှုရှိရေး၊ အရည် အသွေးမြင့် ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရေး၊ ကျား-မ တန်းတူ ညီမျှမှုရှိစေရေး၊ အားလုံးပါဝင်ခံစားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး (All-inclusive Growth) ရရှိရေး၊ ပြည်သူပြည်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ် တည်ထောင်ရေးကိစ္စ တွေကို အလေးပေးဆောင်ရွက်လျက် ရှိပါတယ်။ ဒီရည်မှန်းချက်တွေ အောင်မြင်မှုရရှိဖို့ မြန်မာနိုင်ငံဟာ မည်သည့်နိုင်ငံနဲ့ မဆိုနှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်၊ မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေး အစီအစဉ်တွေနဲ့ ကိုက်ညီမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို လက်တွဲလုပ်ဆောင် သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာက ချီးကျူးထောမနာပြု

တရုတ်နိုင်ငံဟာ စီးပွားရေးအရ တံခါးဖွင့်ဝါဒကို ကျင့်သုံးခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ နှစ်ပေါင်း(၃၀)အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ တရုတ်ပြည်သူ သန်းပေါင်း ၈၅၀ ကျော်ကို ဆင်းရဲနွမ်းပါးမှု သံသရာကနေ လွတ်မြောက်စေခဲ့တဲ့ အချက်ဟာ နိုင်ငံတကာက ချီးကျူးထောမနာပြုခဲ့ကြရတဲ့ ရလဒ်ကောင်းတွေဖြစ်ပါတယ်။ အခု ဆိုရင် တရုတ်ခေါင်းဆောင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ်(၁၀၀) ပြည့်မြောက်မယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံကို အလယ်အလတ်ချမ်းသာကြွယ်ဝတဲ့ လူမှု အဖွဲ့အစည်းတစ်ရပ် (Moderately Prosperous Society) GOCJOCOCO, တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် (၁၀၀)ပြည့်မြောက်မယ့် ၂၀၄၉ ခုနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတ မျှတတဲ့ ဆိုရှယ်လစ်ခေတ်မီ နိုင်ငံတော် တစ်ရပ် (Strong Harmonious and Modern Socialist Country) Secoy နိုင်ရေးဆိုတဲ့ ရာပြည့်ရည်မှန်းချက် ၂-ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံများနဲ့ ရင်းနှီးစွာဆက်ဆံ

မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လေ့လာပြီး မိမိနိုင်ငံရဲ့ အခြေအနေများနဲ့ ကိုက်ညီမယ့် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ကမ္ဘာ့နိုင်ငံများအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအတွက် ရှေးရှုဆောင်ရွက် လျက်ရှိပါတယ်။ နိုင်ငံကြီး/ငယ်မဟူ တန်းတူ ညီမျှစွာနဲ့ အပြန်အလှန်အကျိုးဖြစ်ထွန်းရေး “မူ” တွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒဖြေလျှော့ပေးမှုတွေ၊ ရင်းနှီး မြှုပ်နှံသူများအတွက် ပတ်ဝန်းကျင်ကောင်း တစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ပေးမှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးတက်များပြားလာခဲ့သလို နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းထားဟာ ၂၀၁၉ ခုနှစ်အတွင်း ၆ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်မယ်လို့အာရှဖွံ့ဖြိုးရေးဘဏ်က တွက်ချက်ထားပါတယ်။

ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်

ဒီဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပြည်တွင်းမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု တွေဆက်လက်ဖော်ဆောင်သွားဖို့ လိုအပ်သလို ပြည်ပနိုင်ငံများနဲ့လည်း အကျိုးတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံခေါင်းဆောင်များရဲ့ ပြည်ပနိုင်ငံခရီးစဉ်တွေ၊ ပြည်ပ နိုင်ငံများက ခေါင်းဆောင်တွေရဲ့ မြန်မာ နိုင်ငံခရီးစဉ်တွေကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်သွားနိုင်မှာဖြစ်လို့ တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင် သွားနိုင်မှာဖြစ်ပါတယ်။

အခု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်တဲ့အချက် ရယ်၊ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းကိုသာ လာရောက်တဲ့ အချက်ရယ်၊ ခရီးစဉ်လာရောက်ချိန်ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်(၇၀) ပြည့်မြောက်တဲ့ အချိန်ကာလဖြစ်နေ တာတွေကို ကြည့်ရင် ခရီးစဉ်ရဲ့ ထူးခြားလေးနက်မှုတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၁ ခုနှစ်မှာ မြန်မာနိုင်ငံကို တရုတ်သမ္မတ မစ္စတာ ကျန်ဇီမင်း လာရောက်ပြီးနောက်ပိုင်း (၁၉)နှစ်ကြာမှ တရုတ်သမ္မတကြီးတစ်ဦး မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ် ဖြစ်နေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင် (milestone) တစ်ခု စိုက်ထူနိုင်မယ့် ခရီးစဉ်လည်း ဖြစ်နေပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးသွားနိုင်မှာဖြစ်လို့ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမယ့် ခရီးစဉ်တစ်ခု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လဲ့ယဉ်သန့်