ရန်ကုန် ၁၇ မတ် 

 

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည်  မတ် ၂၁ ရက်မှ ၂၆ ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း ကနူးတာတိုလှေလှော်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ/နည်းပြ (၁)ဦးနှင့် အားကစားသမား(၂) ဦး၊ မတ် ၂၅ ရက်မှ ၃၀ ရက်အထိ မလေးရှားနိုင်ငံတွင်ကျင်းပမည့် ပထမအကြိမ် အားကစားသမားဟောင်းများ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦးနှင့် အားကစားသမား(၁၁)ဦး၊ မတ် ၂၈ ရက်မှ ၂၉ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် 81 st Singapore Open Track & Field Championship-2019   ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ(၁)ဦး၊ နည်းပြချုပ်(၁)ဦး၊ နည်းပြ(၁)ဦးနှင့်အားကစားသမား (၁၁)ဦး၊ ယနေ့မွန်းလွဲ(၁)နာရီက ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ (ပတ္တမြား)ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

 

ယင်းနောက် သွားရောက်ယှဉ်ပြိုင်မည့် ကနူးလှေအဖွဲ့၊ ဘတ်စကက်ဘောအဖွဲ့၊ ပြေးခုန်ပစ်အဖွဲ့များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကာ အားကစားနည်းအလိုက် အဖွဲ့ချုပ် တာဝန်ခံများက မိမိတို့သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများပြိုင်ပွဲမဝင်မီ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။ 

 

(သတင်းစဉ်)