မြစ်ကြီးနား      ၉   ဒီဇင်ဘာ

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

08962485

 

အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်သမ္မတမှပေးပို့လာသော သဝဏ်လွှာကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖတ်ကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းက အဂတိလိုက်စားမှုးတိုက်ဖျက်ရေး အခြေခံ သဘောတရား နှင့်လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 

5555555555552

 

ယင်းနောက် အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဉက္ကဌဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကို ဗီဒီယိုမှတ်တမ်းဖြင့် ဖွင့်လှစ်ပြသပေးခဲ့သည်။

 

5866

 

ထို့နောက် တေးသရုပ်ဖော်၊ စာစီစာကုံး၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ပြီး ဆုရ ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

           

ပြည်နယ်ပြန်/ဆက်