ရန်ကုန် ၉ ဒီဇင်ဘာ

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သမ္မတက ပေးပို့သောသဝဏ်လွှာကိုဖတ်ကြားပြီး အဖွင့်အမှာစကား ပြောကြားသည်။

 

08

 

ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အခြေခံ သဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး UNDP က ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အားပြသသည်။

 

08962

 

ယင်းနောက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အစီအစဉ်အရ ဆုရရှိခဲ့ကြသော အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အဆင့်ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော် တင်ဆက်ကြပြီး စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်၊ Role play ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများ ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)