မော်လမြိုင်       ၉  ဒီဇင်ဘာ     

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည်။

 

69

 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ဖတ်ကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက အမှာစကားပြောကြားရာတွင် “အပြည်ပြည် ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကျင်းပခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံသားအားလုံး၏ စိတ်ဆန္ဒ ပြင်းပြမှုကို ပိုမိုပေါ်လွင်စေပြီး ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးလုပ်ငန်းများ ပိုမို ကျယ်ပြန့်စွာ သက်ရောက်မှုရှိလာမှာဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဖြောင့်မတ်တည်ကြည် သော ယဉ်ကျေးမှု ထွန်းကားလာရေးနှင့် အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှုပြုစုပျိုးထောင် ရေးအတွက် အဂတိလိုက်စားနိုင်သော အခွင့်အလမ်းနှင့် အပြုအမှုများကို လျှော့ချနိုင်သည့် စနစ်တစ်ရပ် အခြေတကျတည်ရှိပြီး လူမှုပတ်ဝန်းကျင် တစ်ရပ်လုံးတွင် အဂတိလိုက်စားမှုကိုလက်မခံသော ယဉ်ကျေး မှုတစ်ရပ်ဖြစ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

7895

 

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးမျိုးမြင့်က အဂတိလိုက်စား မှုတိုက်ဖျက်ရေး အခြေခံသဘောတရားများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီး UNDP မှ ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကိုပြသသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်နှင့် Role Play ပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများတို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

ဝေလင်း(ပြန်/ဆက်)