အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် သေနတ်ပစ်နှင့် ဝူရှူးပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ၁ ဇူလိုင် 

 

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် သေနတ်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ် အားကစားကွင်း၌ ကျင်းပသည်။

 

ပြိုင်ပွဲအပြီးတွင် အမျိုးသား(၁၀)မီတာ လေပစ္စတို၊ အမျိုးသား(၁၀) မီတာရိုင်ဖယ်၊ အမျိုးသမီး(၁၀) မီတာလေပစ္စတို၊ အမျိုးသမီးလေရိုင်ဖယ်၊ အမျိုးသား(၂၅)မီတာလေပစ္စတို၊ အမျိုးသမီး(၂၅) မီတာလေပစ္စတိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မိုးဝင်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်တို့က ဆုများကိုပေးအပ် ချီးမြှင့်ခဲ့ကြသည်။ 

 

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျိုက္ကဆံကွင်းရှိ ဝူရှူးအားကစား လေ့ကျင့်ရေးရုံ၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် သက်ငယ်တန်း  ဝူရှူးပြိုင်ပွဲများကို ကျင်းပရာ  ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်ဒင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊  အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးနှင့် အမှုဆောင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါဝူရှူးပြိုင်ပွဲတွင် (၅)နှစ်၊ (၁၀)နှစ်၊ (၁၄)နှစ် နှင့် (၁၅)နှစ်အောက် သက်တန်း လိုက်ပြိုင်ပွဲများ၌ ဆုရရှိသူများအား အသီးသီးဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

01.jpg