ရန်ကုန်     ဇွန်     ၂၂

မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်‌နေ့ အထိမ်းအမှတ် နပန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း    မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်၌   ကျင်းပသည်။

ပြိုင်ပွဲတွင် အမျိုးသား(- 45Kg)၊ (- 48Kg)၊ (- 51Kg)၊ (- 53 Kg)၊ (- 55 Kg )၊ (- 60 Kg)  ပြိုင်ပွဲတို့တွင်  ပထမဆု၊  ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိသူများ၊ အမျိုးသမီး ( -34 Kg )၊ ( - 36 Kg )၊ ( - 38 Kg )၊ (- 40 Kg )၊ (- 43 Kg )၊ (- 46 Kg )၊ (- 49 Kg )၊ (- 50 Kg )၊ (- 53 Kg )၊ (- 57 Kg) တန်းပြိုင်ပွဲတို့တွင်  ပထမဆု၊  ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိကြသူများကို  မြန်မာနိုင်ငံ  နပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းနပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်သီတာမွန်နှင့် အမှုဆောင်များက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                                       

ဗလ